Knowledge Sharing Session
Engineering Geology, Environmental Science and Geochemistry
- ယခု လက်ရှိကြားကာလအတွင်း သင်ကြားသင်ယူလေ့လာမှု စဉ်ဆက်မပြတ် စေရန် MIEPS ၏ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံး Knowledge Sharing Session အဖြစ် Engineering Geology, Environmental Science and Geochemistry တို့နှင့်သက်ဆိုင်သည့် အတွေ့အကြုံ ဗဟုသုတများကို ဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ တတိယပတ်မှ ဖေဖော်ဝါရီလ တတိယပတ်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ရက်များ၌ တင်ဆက်သွားပါမည်။
- နိုင်ငံတကာတွင် လက်တွေ့လုပ်ငန်း နယ်ပယ်အသီးသီးမှာ တာဝန်ယူ ဆောင်ရွက်နေကြသော အတွေ့အကြုံရင့် ဘူမိအင်ဂျင်နီယာ မြန်မာပညာရှင်များနှင့် နိုင်ငံတကာတက္ကသိုလ်အသီးသီးတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြသော သုတေသနပညာရှင်များက ၎င်းတို့ လုပ်ငန်းခွင် အတွေ့အကြုံများ၊ သုတေသနတွေ့ရှိချက်များကို မြန်မာနိုင်ငံအဝှမ်းရှိ ဘူမိဗေဒကျောင်းသား/သူ၊ ဆရာ/ဆရာမများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းခွင်များတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော ဘူမိပညာရှင်များအတွက် အသိပညာအတွေ့အကြုံများကို မျှဝေကြမည်ဖြစ်ပါသည်။
- ယခုလက်ရှိ MIEPS က ဖွင့်လှစ်ထားသော “Igneous Petrology” Short Course တွင်တက်ရောက်နေကြသော သင်တန်းသားများ အပါအဝင်.. ယခုလိုကာလတွင် သင်ကြားသင်ယူမှု အခက်အခဲရှိနေသော နိုင်ငံအဝှမ်းနှင့် ပြည်ပရောက် တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ကြီးဌာနအသီးသီးရှိ ဘူမိဗေဒပညာရှင်များ အတွက် ရည်ရွယ်ကာ စီစဉ်ခြင်းဖြစ်ပါသည်။ ဆွေးနွေးပို့ချရာတွင် Zoom platform ကို အသုံးပြုသွားမည်ဖြစ်ပါသည်။
- စိတ်ပါဝင်စားသော ဘူမိဗေဒ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသူ/သားများ၊ ဆရာ/ဆရာမများ၊ လုပ်ငန်းခွင်အသီးသီးမှ ဘူမိဗေဒဘွဲ့ရများ ဤနေရာတွင် မှတ်ပုံတင်(Register) နိုင်ပါသည်။
အစီအစဉ်အပြောင်းအလဲရှိလျင် ခေါင်းစဉ်များနှင့် အချိန်နေ့ရက်များကို အချိန်နှင့် တစ်ပြည်းညီ update ပြုလုပ်ပေးသွားပါမည်။